မူပိုင်ခွင့် လိုင်စင် (License)
ဤသင်တန်းရှိ ဝဘ်ဆိုက် source code၊ သင်ခန်းစာ မှတ်တမ်းများ၊ လေ့ကျင့်ခန်းများနှင့် သင်ခန်းစာ ဗီဒီယိုများ အပါအဝင် အကြောင်းအရာ အားလုံးကို CC BY-NC-SA 4.0 လိုင်စင်ဖြင့် ထုတ်ဝေထားပါသည်။
ဤသည်မှာ သင်၏ အခွင့်အရေးများ ဖြစ်ကြပါသည် -
- Share — မည်သည့် မီဒီယာ သို့မဟုတ် မူဘောင် ဖြင့်မဆို အကြောင်းအရာများကို ကူးယူ ပြန်လည် ဖြန့်ဝေနိုင်ပါသည်။
- Adapt — အကြောင်းအရာများကို ပြုပြင် ပြောင်းလဲခြင်း၊ တည်ဆောက်ခြင်းများ ပြုလုပ်နိုင်ပါသည်။
အောက်ပါ စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ရမည် -
- Attribution — သင်သည် မူရင်း ဖန်တီးသူအား သင့်တော်သော အသိအမှတ်ပြုမှု ပေးရမည်၊ လိုင်စင်သို့ လင့်ခ် ချိတ်ဆက်ပေးရမည်၊ ပြောင်းလဲမှုများ ပြုလုပ်ထားပါက ညွှန်းဆိုပေးရမည်။
- NonCommercial — ဤ အကြောင်းအရာများကို စီးပွားရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုပိုင်ခွင့် မရှိပါ။
- ShareAlike — အကယ်၍ သင်သည် ဤ အကြောင်းအရာများကို ပြုပြင် ပြောင်းလဲပါက၊ သင်၏ ပံ့ပိုးမှုများကို မူရင်း လိုင်စင်အတိုင်း အတိအကျ ပြန်လည် ဖြန့်ဝေရမည်။
ဤသည်မှာ မူပိုင်ခွင့် Legal Code ၏ လူနားလည်လွယ်သော အတိုချုပ် ဖြစ်ပါသည်။
Contribution guidelines
ကျွန်ုပ်တို့၏ GitHub repo တွင် Issues နှင့် Pull Requests တင်သွင်းခြင်းဖြင့် သင်ခန်းစာ အကြောင်းအရာများအတွက် ပြင်ဆင်ချက်များနှင့် အကြံပြုချက်များကို တင်သွင်းနိုင်ပါသည်။ ၎င်းတွင် ဗီဒီယို စာတန်းထိုးများလည်း ပါဝင်ပါသည် (ဒီမှာ ကြည့်ပါ)။
Translation guidelines
မူပိုင်ခွင့် စည်းကမ်းချက်များကို လိုက်နာသရွေ့ သင်ခန်းစာ မှတ်တမ်းများနှင့် လေ့ကျင့်ခန်းများကို လွတ်လပ်စွာ ဘာသာပြန်ဆိုနိုင်ပါသည်။ သင်၏ ဘာသာပြန်ဆိုမှုသည် သင်တန်း ပုံစံအတိုင်း ဖြစ်ပါက၊ ကျွန်ုပ်တို့၏ စာမျက်နှာမှတဆင့် သင်၏ ဘာသာပြန် မူကွဲကို လင့်ခ် ချိတ်ဆက်ပေးနိုင်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ဗီဒီယို စာတန်းထိုးများ ဘာသာပြန်ဆိုရန်အတွက် YouTube တွင် Community contribution အဖြစ် တင်သွင်းပေးပါ။